မိုက်ကရိုဆော့ဝတ်ထဲ ဖောင့်ပါထည့်ပေးလိုက်မယ်။

မိုက်ကရိုဆော့ဝတ်ထဲ ဖောင့်ပါထည့်ပေးလိုက်မယ်။
ခင်ဗျားတို.ရဲ့ မိုက်ကရိုဆော့ဝတ်ဖိုင်တွေ ကိုအွန်လိုင်းက သူငငယ်ချင်းတွေဆီ ပို.ဖူးလား။ ခင်းဗျားက ဥပမာ ရှားရှားပါးပါးဖောင့်တွေနဲ. ရေးထားတယ်ဆိုပါဆို. ခင်းဗျားပိုတဲ့ သူငယချင်းဆီမှာ အဲဒီဖောင့်မျိုး မရှိရင် တဖက်လူက ဖွင့်ရတာ အခက်ကြုံတော့တာပေါ့။ အဲဒီလိုမျိုးအခက်မကြုံစေချငဘူးဆိုရင် မိုက်ကရိုဆော့ဝတ်ဖိုင်ထဲမှာ ခင်ဗျားရိုက်ထားသမျှ ဖောင့်တွေနဲ. တွဲပြီးထည့်ပေးလိုက်လို. ရပါတယ်။ အဲဒီလိုဆိုရင် တဖက်လူမှာ ခင်ဗျားရိုက်ထားတဲ့ ဖောင့်မျိုးမရှိလည်း စာကိုဖွင့်ဖက်နိုင်ပါတယ်။
စမ်းကြည့်မယ်ဆိုရင်တော့ ခင်ဗျားရိုက်ထားတဲ့ မိုက်ကရိုဆော့ဝတ် ဖိုင်ကိုဖွင့် Save as လုပ်။ Save as Box ကျလာရင် အဲဒီဘောက်စ် လေးရဲ့ ညာဘက် Title ဘားအောက်မှာ Tools ဘေးကမျှားလေးကိုဖွင့် Save Option ကိုကလစ်လုပ် Box တစ်ခုထပ်ကျလာရင် Embed True Type Fonts ဆိုတဲ့နေရာမှာကော၊ Embed characters in use only ဆိုတဲ့နေရာမှာကော ချက်ဘောက်လေးတွေကို အမှန်ခြစ်ပေးရပါမယ်။ ပြီးရင်တော့ OK ပေါ့။ ပြီးရင်တော့ ကိုကြိုက်တဲ့နေရာမှာသိမ်း။ ဒါဆိုရင်တော့ ဒီမိုက်ကရိုဆော့ဝတ် ဖိုင်လေးကို ဖောင့်မရှိလည်း ဖွင့်ဖက်နိုင်သွားပါပြီ။

Template by : kendhin x-template.blogspot.com