USB Flash Drive နဲ့ Windows XP ရဲ့တံခါးကို သော့ခတ်ခြင်း

တကယ်လို့ သင်ဟာ passwords ရိုက်ပြီး Login ၀င်ရမှာပျင်းရင်
passwords တွေမေ့တတ်လို့ရှိရင် ဒါမှမဟုတ် သူများက ကိုယ့် passwords ကို
hacked မှာစိုးရင်
ပိုပြီး လုံခြုံတဲ့နည်းနဲ့ သင့်ရဲ့ computer ကို locked လုပ်ထားလို့ရပါတယ်။
လိုအပ်တာကတော့ USB stick တစ်ခုတည်းပါ..။

စစချင်း run ထဲမှာ syskey လို့ရိုက်လိုက် box တစ်ခုကျလာလိမ့်မယ်
အဲဒီမှာ encryption ကို enabled ဖြစ်နေအောင်ထား..
ပြီးတော့ Update ကိုနှိပ်..၊ Store startup key on floppy disk ကိုရွေးပါ..
နေဦး.. မေ့တွားရို့ဗျ…၊
(My Computer>right click>Manage>Disk Management
ထဲမှာ သင့်ရဲ့ stick ကို right click>Change drive letter and path>Change မှာ
A: လို့ ပြောင်းပေးရအုံးမယ်..Confirm လာမေးရင် Yes ကိုနှိပ်၊
ဒါဆိုရင် သင့် stick ဟာ driver letter ပြောင်းသွားပြီ..၊)
ပြီးရင်..ခုနနေရာက Store startup key on floppy disk > OK နှိပ်
Box သုံးခုကျလာလိမ့်မယ် OK ကြီးဘဲနှိပ်..
ပြီးရင် restart ချကြည့်လိုက်..
Box တစ်ခုကျလာလိမ့်မယ် Insert a key ဘာညာဘာညာ.. ဆိုပြီးတော့
အဲဒီမှာ stick မရှိရင် windows ထဲဝင်မရတော့ဘူး..
မမိုက်ဘူးလား

Warning!Stick ထဲက StartKey.Key ဆိုတဲ့file ကိုမဖျက်မိစေနဲ့နော်…
အဲဒါကတော့ ကျွန်တော့်တာဝန်မဟုတ်



ကိုပြည့်စုံမှ


Read More...

ဆရာကြီးဇူးလူးဦးစီးကာဘီယာသောက်ပြိုင်ပွဲကြီးကျင်းပမည်



ပုဂံနတ် ၊တက်စလာနတ် ၊ဂျေဒိုးနတ်တို့ တွင်အပါအ၀င်ဖြစ်သော
ဇူးလူးနတ်မှ ဦးဆောင်ကွပ်ကဲပြီး ကော်မတီအဖွဲ့ ဝင်များဖြစ်ကြသော
နေ၀င်း (internationalရေခဲရေရောင်းသူများအသင်း) ၊တွဲလက် (မိန်းမကြောက်ရရေးဥက္ကဌ) ၊ငလတ်(အိန္ဒိယလန်ချားဆွဲသူများအသင်း) ၊ပိုင်မျိုးလေး(အပြည်ပြည်ဆိုင်ရာဆိုက်ကားနင်းသူများအဖွဲ ) တို့ 
ကကြီးမှုးကာ အင်တာနေရှင်နယ်ဘီယာသောက်ပြိုင်ပွဲကြီး
ကိုဆီဒိုးနားဟော်တယ်တွင်ခန်းနားစွာကျင်းပမည်ဟုသတင်းရရှိပါသည်။

အန်ဖတ်ဆို့ ပြီးဆေးရုံရောက်သူကို = ပထမဆု
မူးပြီးရပ်ကွက်ထဲတွင်ဆဲဆိုသူကို = ဒုတိယဆု
အမူးလွန်ကာဘီယာသောက်ရင်းရှုးထွက်ပါက = တတိယဆု

ဟုဆိုကာဆုများအသီးသီးပေအပ်သွားမှာဖြစ်ပါတယ်ဆုမရရှိတဲ့ 
သူတွေကိုလည်းထုံးစံအတိုင်းကံစမ်းမဲတွေပေးသွားမှာပါမဲပေါက်တဲ့ 
သူတွေတစ်ယောက်ကိုသွားကြားထိုးတံတစ်ချောင်းကျစီပေးအပ်မှာပါ
ပြိုင်ပွဲဝင်ကြေးတွေကိုလည်းဒေါ်လာနဲ့ သာလက်ခံမှာပါ
တစ်ဦးလျှင်၂ဒေါ်လာဆီပေးသွင်းရမှာဖြစ်ပြီးငွေပေး
ပြီးလာမပြိုင်ပါကသူတို့ ဝေစုဘီယာတွေကိုကော်မတီအဖွဲ့ 
ဝင်တွေကတာဝန်အရသောက်သွားမှာဖြစ်ပါ
ကြောင်းအထူးသတင်းရရှိပါတယ် ။

Read More...

မြန်မာပြည်မှာတစ်ခါသုံးဖုန်းကဒ်တွေဝယ်ယူနိုင်ပြီ



ရတနာပုံတယ်လီပို့ အိုင်စီတီ ရက်သတ္တပတ်ပြပွဲတွင် ရောင်းချနေသည့် တစ်ခါသုံး GSM SIM Cardများကို ရန်ကုန်မြို့တွင်လည်း စတင်ရောင်းချတော့မည် ဖြစ်သည်။ အဆိုပါ ဖုန်းကတ်များကို ရွှေဂုံတိုင် အရှေ့လမ်းမကြီးရှိ Mr. Fone Telecon Centreတွင် ဒီဇင်ဘာ(၁၃)ရက်(ယနေ့)မှ စတင်၍ ရောင်းချမည်ဟု သိရသည်။ ဖုန်းကတ်တန်ဖိုးများမှာ အက်ဖ်အီးစီ (၁၀)တန်နှင့် (၂၀)တန်ဟူ၍ ဖြစ်ပြီး တစ်ကြိမ်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ ဖုန်းကဒ်သက်တမ်းမှာ အက်ဖ်အီးစီ(၁၀)တန်သည် (၂)ပတ်အတွင်းသုံးနိုင်ပြီး၊ အက်ဖ်အီးစီ(၂၀)တန်မှာ (၃)လအတွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ သက်တမ်းကုန်ဆုံး၍ ဖုန်းကဒ်အသစ် ထပ်မံဝယ်ယူသည့်အခါ မူလနံပါတ်အတိုင်း ရရှိမည်မဟုတ်ပဲ နံပါတ်အသစ်တစ်ခု ရရှိသုံးစွဲရမည် ဖြစ်သည်။ ရန်ကုန်မြို့တွင် ရောင်းချသည့် ဖုန်းကတ်များကို အက်ဖ်အီးစီဖြင့် ငွေပေးချေ ဝယ်ယူနိုင်သကဲ့သို့ မြန်မာငွေလဲလှယ်နှုန်းထား တွက်ချက်ပြီးလည်း ကျသင့်သည့် မြန်မာငွေကျပ် တန်ဖိုးအတိုင်းလည်း ပေးချေနိုင်ကြောင်း သိရသည်။ ဝယ်ယူလိုသူများအနေဖြင့် မြန်မာနိုင်ငံသားဆိုပါက မှတ်ပုံတင်မူရင်းနှင့် နိုင်ငံခြားသားဆိုပါက ပတ်စ်ပို့မူရင်း ယူဆောင်လာရမည် ဖြစ်သည်။ ရန်ကုန်မြို့တွင် ရောင်းချမည့် တစ်ခါသုံးဖုန်းကတ် အရေအတွက်မှာ သောင်းဂဏန်းရှိကြောင်း Mr. Fone Telecon Centreမှ တာဝန်ရှိသူက ပြောကြားသည်။ အနာဂတ်ကာလတွင် နိုင်ငံတကာတွင် အသုံးပြုနေသည့် GSM SIM Card များကဲ့သို့ ငွေကြေးထပ်မံ ပေးသွင်းပြီး သက်တမ်းတိုးကာ မူလနံပါတ်အတိုင်း အသုံးပြုနိုင်မည့် Mobile Phoneများကို ရောင်းချသွားနိုင်ရန် အထူးစီမံ ကြိုးစားနေကြောင်းလည်း သိရသည်။ ယခုကဲ့သို့ GSM SIM Cardများကို ဈေးကွက်အတွင်း လွတ်လပ်စွာ ရောင်းချပေးခြင်းကြောင့် ဖုန်းHandsetများ ဝယ်လိုအား မြင့်တက်လာနိုင်ကြောင်းနှင့် အက်ဖ်အီးစီ(FEC)ဖြင့် ရောင်းချခြင်းကြောင့် အက်ဖ်အီးစီနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းထားလည်း မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းပြောကြားနေကြသည်။


planet မှ

Read More...

အင်တာနက်ပေါ်ပေါက်လာမှုသမိုင်း အပိုင်း(၁)

အင်တာနက်ဆိုတာဟာ တစ်ကမ္ဘာလုံးရှိ ကွန်ပျူတာအသုံးပြုသူတွေကို ချိတ်ဆက်ပေးထားတဲ့ ကွန်ရက်စနစ်ကြီးဖြစ်ပါတယ်။ အင်တာနက် မတိုင်မီအချိန်တုန်းက mainframe ကွန်ပျူတာကို ဗဟိုပြုထားတဲ့ ကွန်ရက်စနစ်အငယ်စားတွေသာ ရှိခဲ့ပြီး ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ကွန်ပျူတာသုတေသနပညာရှင်တွေဖြစ်ကြတဲ့ Levi C. Finch နဲ့ Robert W. Taylor တို့ အပါအ၀င် ပညာရှင်အတော်များများကနေ Packet Switching လို့ ခေါ်တဲ့စနစ်တစ်ရပ်ကို အကောင်အထည်ဖော်ကာ တစ်စစီပြန့်ကြဲနေတဲ့ ကွန်ရက်တွေကို ချိတ်ဆက်မှုပြုနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ၁၉၆၀ ပြည့်နှောင်းပိုင်းနဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေ အရောက်မှာတော့ ARPANET နဲ့ X.25 စနစ်အပါအ၀င် packet switch စံညွှန်းသုံး ကွန်ရက်ချိတ်ဆက်မှုစနစ်တွေ ပေါ်ထွက်လာခဲ့ပြီး UUCP လိုမျိုး အများအသုံးပြုနိုင်တဲ့ ကွန်ရက်စနစ်တွေကိုလည်း အသုံးပြုလာကြတာကို တွေ့ရပါတယ်။ ဒါ ပေမယ့် ဒီစနစ်တွေဟာ အမျိုးအစားတူ ကွန်ရက်တွေလိုပဲ အကန့် အသတ်နဲ့ gateway ကြားခံ ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အမျိုးအစားမတူညီတဲ့ ကွန်ရက်စနစ်တွေ တစ်ခုနဲ့တစ်ခုကြား အလွယ်တကူချိတ်ဆက်မှုပြုနိုင်မယ့် Internet protocol စံညွှန်းကို အတည်ပြုသတ်မှတ်နိုင်ခဲ့ရာကနေ တစ်ကမ္ဘာလုံး လွှမ်းခြုံနိုင်မယ့် အင်တာနက်ကွန်ရက် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ (ISP) တွေ ပေါ်ပေါက်လာခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေအရောက်မှာတော့ အင်တာနက်က ယဉ်ကျေးမှုနဲ့ စီးပွားရေးနယ်ပယ်တွေအထိပါ လွှမ်းမိုးခြေဆန့်လာတာကို တွေ့ရပါတယ်။ အင်တာနက်ကြောင့် ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပျက်နေတဲ့ အကြောင်းခြင်းရာတွေကိုပါ အချိန်နဲ့ တစ်ပြေးညီ သိရှိလာနိုင်ပြီး မိတ်ဆွေသူငယ်ချင်းတွေနဲ့လည်း အရုပ်နဲ့အသံအသုံးပြုဆက်သွယ် ပြောဆိုမှုတွေ ပြုလုပ်လာနိုင်နေပြီ ဖြစ်ပါတယ်။ လက်ရှိနည်းပညာတိုးတက်မှု အလားအလာတွေအရ အင်တာနက်ဟာ တဖြည်းဖြည်း ပြောင်းလဲတိုးတက်နေတဲ့ ဖြစ်စဉ်ကြီးတစ်ခုဖြစ်ပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ လူသားတွေ ရဲ့ ဘ၀ကို ထင်ဟပ်ပြသနိုင်တဲ့ အရာ တစ်ခုဖြစ်လာတာကို တွေ့ရ ပါတယ်။
အင်တာနက်မတိုင်မီကာလ
အင်တာနက်ကွန်ရက် မပေါ်ပေါက်သေးမီ ၁၉၅၀ ပြည့်လွန်နှစ် တွေနဲ့ ၁၉၆၀ ပြည့်အစောပိုင်းကာလတွေမှာ ကွန်ရက်ချိတ်ဆက်မှုစနစ်တွေဟာ အကန့်အ သတ်နဲ့ပဲ ရှိနေခဲ့တာကို တွေ့ရပါတယ်။ တချို့ကွန်ရက်တွေမှာ Gateway နဲ့ bridge တွေ ကြားခံအသုံးပြု ထားကြပေမယ့် ကျယ်ပြန့်မှုမရှိသေးဘဲ အများ အားဖြင့် mainframe ကွန်ပျူတာ ဗဟိုပြုကွန် ရက်တွေကိုပဲ အသုံးပြုခဲ့ကြပါ တယ်။ ဥပမာအားဖြင့် ပြရရင် ဒီစနစ်ကို ပင်ဆယ်လ်ဗေးနီးယား ပြည်နယ် Pittsburgh နဲ့ အီလီ နွိုက်ပြည်နယ် Sullivan တို့ရှိ ကွန်ပျူတာတွေကို ချိတ်ဆက်ကာ သုတေသနပညာရှင်တွေ အလိုအလျောက် သီအိုရမ်သက်သေပြမှုနဲ့ ဉာဏ်ရည်တုစမ်းသပ်မှုတွေ ပြုလုပ်နိုင်မယ့် Project RAND အတွက် အသုံးပြုခဲ့တာဖြစ်ပါ တယ်။ Packet switching မတူညီတဲ့ကွန်ရက်တွေ တစ်ခုနဲ့ တစ်ခုကြား ချိတ်ဆက်ပေးနိုင်ဖို့ လုပ်ဆောင်တဲ့ ကြိုးပမ်းမှုတွေဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ အစပြုခဲ့တာဖြစ်ပါတယ်။ အဲဒီ ကာလတွေမှာ Donald Davies (NPL), Paul Baran (RAND Corporation)ာ နဲ့ Leonard Kleinrock (MIT) တို့က packet switching စနစ်ကို တီထွင်ပြီး လက်တွေ့အသုံးပြုခဲ့ကြပါ တယ်။ တချို့က အင်တာနက်ကွန်ရက်ဆိုတာဟာ နျူကလီးယားနဲ့ တိုက်ခိုက်ခံရတဲ့အခါမျိုးတွေကနေကာကွယ်ဖို့ လုပ်ဆောင်ရာကနေ ပေါ်ထွက် လာတာဖြစ်တဲ့အကြောင်း ဆိုထားကြပေမယ့် ဘယ်လို အထောက်အထားမှ မတွေ့ရပါ ဘူး။ အမှန်မှာ အစောပိုင်း နျူကလီးယား ထိန်းချုပ်မှုစနစ်တွေ အတွင်း message switch စနစ် ကို အသုံးပြုခဲ့ကြတာသာဖြစ်ပြီး အခုနောက်ပိုင်းကာလတွေမှာမှ packet switching နဲ့ connectionless စနစ်တွေကို သုံးလာခဲ့ တာဖြစ်ပါတယ်။ ARPANET တစ်ကမ္ဘာလုံး လွှမ်းခြုံချိတ် ဆက်ပေးနိုင်မယ့် ကွန်ရက်တစ်ခု အကောင်အထည်ဖော်ဖို့အတွက် ပထမဦးဆုံးသော စိတ်ကူးကို J.C.R Lickliderု ဆိုသူက စတင် စိတ်ကူးမိခဲ့တာဖြစ်ပြီး ““ကွန်ပျူတာ အများအပြားအား တစ်ကမ္ဘာလုံးအနှံ့ ချိတ်ဆက်ပေးထားနိုင်မည့် wide-band communication line များ အသုံးပြုလာနိုင်ပါက လက်ရှိစာကြည့်တိုက်များအတိုင်း လိုရာအချက်အလက်များကို အလွယ်တကူရှာဖွေရယူရေးအတွက် အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် အခြားသတင်းအချက်အလက်များ သိမ်းဆည်းခြင်းနှင့် ပြန်လည်ရယူ ခြင်းတို့အတွက်လည်း ပိုမိုအဆင် ပြေလာနိုင်မည်”” ဆိုပြီး ၁၉၆၀ ပြည့်နှစ် ဇန်န၀ါရီလတွင်း ရေးသားခဲ့သော ၎င်း၏ Man-Computer Symbiosis စာတမ်း၌ ရေးသား ဖော်ပြထားတာကို တွေ့ရပါတယ်။ ၁၉၆၂ ခုနှစ် အောက်တိုဘာလအရောက်မှာ Licklider က DARPA လို့ လူသိများတဲ့ အမေရိကန်ကာကွယ်ရေးဌာန လက်အောက်ရှိ အဆင့်မြင့်သုတေသန ပရောဂျက်များအေဂျင်စီ အကြီးအကဲဖြစ်လာခဲ့ပါတယ်။ အဲဒီမှာ သူက Santa Monicaက ရှိ System Development Corporation, ကာလီဖိုးနီးယား တက္ကသိုလ်ရှိ Project Genie, မက်ဆာချူးဆက်စက်မှုတက္ကသိုလ် (MIT) ရှိ Compatible Time-Sharing System ပရောဂျက်စတဲ့ ကွန်ရက် ၃ ခုကို ပေါင်းစပ်ချိတ်ဆက်ဖို့ အဆိုပြုခဲ့ပါတယ်။ အဲဒီ နောက် Robert Taylor u Licklider် ရဲ့ နေရာကို ဆက်ခံပြီး DARPA ရဲ့ သတင်းအချက် အလက် စီမံခန့်ခွဲမှုအကြီးအကဲဖြစ်လာပြီးနောက် MIT က Larry Roberts ဆိုသူကို ခေါ်ယူကာ ကွန်ရက်စနစ်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ပထမဆုံး ARPANET ချိတ်ဆက်မှုကို လော့စ်အိန်ဂျလိစ်ရှိ ကာလီဖိုးနီးယားတက္ကသိုလ်နဲ့ စတန်းဖို့ဒ်သုတေသနဌာနတို့ အကြား ၁၉၆၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီ မိနစ် ၃၀ မှာ စတင်နိုင်ခဲ့ပြီး ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ အရောက်မှာ Utahာ တက္ကသိုလ်၊ Santa Barbara ရှိ ကာလီဖိုးနီး ယားတက္ကသိုလ်တို့ကိုပါ ထပ်မံချိတ် ဆက်လာနိုင်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်အရောက်မှာတော host အရေအတွက် ၂၁၃ ခုအထိရှိလာကာ ပျမ်းမျှအားဖြင့် ရက်ပေါင်း ၂၀ လျှင် host တစ်ခုကျ တိုးတက် လာတာကို တွေ့ရပါတယ်။ အဲဒီ အချိန်ကစပြီး ARPANET ဟာ နောက်ပိုင်းပေါ်ပေါက်လာမယ့် အင်တာနက်ကွန်ရက်ကြီးအတွက် အဓိကနည်းပညာဗဟိုချက်မဖြစ် လာခဲ့ပါတယ်။ ဒါပေမယ့် နော်ဝေးငလျင်တိုင်းတာမှုစနစ် (NOR-SAR), ဆွီဒင် Tanum Earth Station နဲ့ University College London တို့ကလွဲပြီး ဥရောပအဖွဲ့ အစည်းတွေအနေနဲ့ X.25 ကွန်ရက် စနစ် အကောင်အထည်ဖော်မှုမှာ ပါဝင်ခြင်းမရှိခဲ့ကြပါဘူး။ ဆက်လက်ဖေါ်ပြပါမည်





အင်တာနက်ဂျာနယ်မှ





Read More...

နေ၀င်းတင်ပြသောအွန်လိုင်းဘောလုံးပွဲ

ဟုတ်ကဲ့ခင်ဗျာ ..... အခုချိန်မှာ ရာသီဥတုကတော့ net ကစားသမား တွေအကြိုက်ပေါ့ ခင်ဗျာ ...

မီးက တဖွဲဖွဲ လာနေပါတယ် ခင်ဗျ ........ အခု publlic access centre က စပေ:ပြီခင်ဗျ

data ကိုဒေါင့်ဖြတ်တင်တယ် ခင်ဗျ ...... မရဘူးခင်ဗျာ .. ဒိုင်လူကြီး ကိုပုဂံ က အနီရောင် access denie ပြထားတယ် ခင်ဗျ
ဟုတ်ကဲ့ ကျွန်တော်ကြေညာနေစဉ် အတွင်းမှာပဲ data ကို tel exchange ကပြန်တင်လိုက်ပြန်ပြီ ခင်ဗျာ
မရပြန်ဘူးခင်ဗျာ ..... အွန်လိုင်: ups down တယ်တဲ့ခင်ဗျာ ..... data ဟာ လိမ့်ကာလိမ့်ကာနဲ့ ပျက်သွားပြီ ခင်ဗျ
အခု ဂိုးသမား ကို administrator က ပိုက်ဘောမိထားတယ် ခင်ဗျာ ..... gtalk ကနေတွေ.တာလို. ပြောပါတယ်ခင်ဗျာ
ဟုတ်ကဲ့ အခု တဖတ်အသင်းက ကစားကွက်ကို ပြောင်းကစားမယ်. ပုံစံပဲခင်ဗျ
port forwording နဲ့ပြောင်းချိတ်တယ်ခင်ဗျာ .... ဒါပေမယ်. အတွေ.အကြုံရင့်ကျတ်တဲ့ ဘတ်တန်းကစားတဲ့ EPC ကနေ
မီးကို ဖြတ်ချတယ် ခင်ဗျာ ..... ဟုတ်ကဲ့ တကယ်.ကို အခတ်အခဲ ပါပဲခင်ဗျာ

ချစ်ခင်လေးစား ရပါသော netမြင်အသံမကြား သုံးစွဲသူ မိဘပြည်သူ အပေါင်:တို့ ခင်ဗျာ

အခု ကျွန်တော်ကြေညာနေစဉ် အတွင်းမှာပဲ back bone ဒေါင်းသွာ:ပြီ ဖြစ်တဲ့အတွက် ပွဲကိုရပ်နားလိုက်ရပါကြောင်း

ကြေညာရင်း ကျွန်တော်များ bagan မှတိုက်ရိုက် ပိတ်စို.မှူ အစီအဆင် ကိုရပ်နားလိုက်ရပါတယ် ခင်ဗျာ.....


Read More...

Notepad မှာ စာတွေရေးပြီးရင်အလိုလျှောက်အချိန်ပေါ်စေချင်ရင်

Notepad မှာ စာတစ်ကြောင်းရေးပြီ ဆိုပါတော့ခင်ဗျာ။ အဲဒီစာကို ဘယ်အချိန်၊ဘယ်ရက်က ရေးလည်းဆိုတာကို မှတ်မိရင်မကောင်း

ဘူးလာခင်ဗျာ။ ကိုယ်က ဘယ်နေ့ ၊ဘယ်အချိန်က ရေးတယ်ဆိုတာ

ကိုရေးစရာမလိုပဲ အလိုအလျောက် ပေါ်လာမှာပါ။လွယ်ပါတယ်ခင်ဗျာ။

အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါ ခင်ဗျာ။ ပြီးတာနဲ့ ထိပ်ဆုံးမှာ LOG

ဆိုတာလေးကို ရေးလိုက်ပါ။ ရေးပြီးရင်တော့ Enter တစ်ချက်ခေါက်လိုက်

ပါ။ ကိုယ်ရေးချင်တာတွေ ရေးလို့ ရပါပြီ ခင်ဗျာ။ ရေးပြီးသွားရင်တော့ F5

လေးကို နှိပ်လိုက်ပါ။ အချိန်၊ရက်၊လ၊နှစ်တို့ ကို ကိုယ်ရေးတဲ့ စာကြောင်းနောက်

ဆုံးမှာ ဖော်ပြပေးပါ လိမ့်မယ်။ နောက်တစ်ကြိမ် ပြန်ဖွင့်ပြီး ထပ်ရေးမယ်ဆိုရင်

ဘယ်နေ့ ၊ဘယ်အချိန်က ဒီစာကို ရေးသလဲဆိုတာကို ပြန်တွေ့ ရမှာပါ။ စာထပ်ရေး

မယ်ဆိုရင်လည်း ရေးပါ၊ပြီးရင် F5 လေးနှိပ်လိုက်ရင် စာရေးတဲ့ အချိန်ကို Update

လုပ်ပေးပါလိမ့်မယ်။ အစဉ်ထာဝရ အမှတ်တရ ဖြစ်ပါစေ။



ကိုမိုးပြေးမှ


Read More...

ကွန်ပျုတာကို ၃ စက္ကန့် နဲ့ ပိတ်ကြည့်ရအောင်

ကွန်ပျုတာကို ၃ စက္ကန့် နဲ့ ပိတ်ကြည့်ရအောင်ခင်ဗျာ။
ရည်းစားက အခုချက်ခြင်းလာဆို
့လို့ အမြန်သွားချင်သူ
တွေ။ အိမ်က COMPUTER မသုံးနဲ့ လို့ ပြောလည်း သုံး
တယ် လာကြည့်တော့ COMPUTER ကိုအမြန်ပိတ်ပြီး
အိပ်ချင်ယောင်ဆောင်ချင်တဲ့သူတွေ အတွက်တော့အဆင်
ပြေမယ် ထင်လို့ ပါခင်ဗျာ လွယ်ကူပါတယ်ခင်ဗျာ ။
သိပြီးခဲ့ရင်လည်း ကျွန်တော်အခုလို ရေးလိုက်တဲ့အတွက်
တောင်းပန်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ Ctrl+Alt +Del ကိုနှိပ်လိုက်ပါ၊Task Manager
ပေါ်လာပါလိမ့်မယ်၊ Task Manager မှာ " SHUT DOWN "
ဆိုတဲ့ Option လေးရှိပါတယ် ၊Ctrlကိုနှိပ်ထားပြီး SHUT DOWN
ကို Click ပေးလိုက်ပါခင်ဗျာ၊ Turn Off ဆိုတာတွေ့ ရပါလိမ့်မယ်
Click ပေးလိုက်ပါ ၊Ctrl ကိုတော့ SHUT DOWN ဖြစ်သွားတဲ့ အထိ
နှိပ်ပေးထားရပါမယ်ခင်ဗျာ ။


ကိုမိုးပြေးမှ


Read More...

Template by : kendhin x-template.blogspot.com